Noto ကျွန်းဆွယ်ငလျင် လှုပ်ခတ်ပြီးနောက် ရက်သတ္တပတ်အတွင်း ငလျင်ပေါင်း ၁၂၀၀ ကျော် လှုပ်ခတ်ခဲ့

(GMT+08:00)2024-01-09 16:19:59  

ဂျပန်မိုးလေဝသအေဂျင်စီက အီရှီကာဝါစီရင်စုရှိ နိုတိုကျွန်းဆွယ်တွင် ဇန်နဝါရီလ ၁ရက်နေ့က ရစ်ခ်ျတာစကေး ၇ . ၆ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ပြီးနောက်  လက်ရှိအချိန်အထိ  လှုပ်ခတ်မှုပြင်းထန်သည့်ဒီဂရီ သို့မဟုတ် ၁ အထက်ရှိသည့် ငလျှင် လှုပ်ခတ်မှု ၁၂၀၀ ကျော် ဖြစ်ပွားခဲ့၍ အရေအတွက်သည်လည်း ယခင် ဖြစ်ပွားခဲ့သော ငလျင်ကြီးနောက်ပိုင်း စာရင်းထက် များပြားကြောင်း၊ ထို့အပြင် အဆိုပါဒေသတွင် ငလျင်နှင့် ဆူနာမီလှိုင်းလုံးကြီးများ ဖြစ်ပွားနိုင်ဖွယ်ရာရှိ၍  ပြည်သူများအား သတိရှိကြစေလိုကြောင်း  ၈ရက်နေ့က ကြေညာခဲ့ပါသည်။