နိုင်ငံများစွာ၌ Boeing 737 MAX 9 ခရီးသည်တင်လေယာဉ် ပျံသန်းမှုများကို ခေတ္တရပ်နားပြီး လေကြောင်းခရီးစဉ်အမြောက်အများကို ဖျက်သိမ်း

(GMT+08:00)2024-01-09 16:27:19  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၈ရက်နေ့က အမေရိကန် Alaska Airlinesက Boeing 737 MAX 9 ခရီးသည်တင်လေယာဉ် ပျံသန်းမှု ခေတ္တရပ်နားခြင်းကြောင့် ထိုနေ့တွင် ၎င်းကုမ္ပဏီ၏ လေကြောင်းခရီးစဉ် ၁၄၀ခန့်ကို ဖျက်သိမ်းခဲ့သည်ဟု ကြေညာခဲ့ကြောင်း၊ လက်ရှိအချိန်အထိ Alaska Airlinesမှ Boeing 737 MAX 9 ခရီးသည်တင်လေယာဉ်၏ ၅ရက်နေ့က ဖြစ်ပွားခဲ့သော ပျံသန်းရေးမတော်တဆမှုကို စုံစမ်းစစ်ဆေးနေသေးကြောင်း၊ အင်ဒိုနီးရှား၊ တူရကီ၊ မက္ကဆီကို နှင့် ပနားမား စသောနိုင်ငံများက Boeing 737 MAX 9 ခရီးသည်တင်လေယာဉ်၏ ပျံသန်းမှုများကို ခေတ္တရပ်နားသည်ဟု ကြေညာခဲ့ကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။