အီဂျစ်-ပါလက်စတိုင်းခေါင်းဆောင်များသည် လက်ရှိ ပါလက်စတိုင်း အခြေအနေကို ဆွေးနွေး

(GMT+08:00)2024-01-09 16:16:13  

အီဂျစ်နိုင်ငံသမ္မတ အဗ္ဗဒူလ်ဖက်တာအယ်စီစီ သည် အီဂျစ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် ပါလက်စတိုင်းနိုင်ငံသမ္မတ မာမွတ်အဘတ်စ် နှင့် ဇန်နဝါရီလ ၈ရက်နေ့ က ကိုင်ရိုမြို့တော်၌ တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်ဦးနှစ်ဖက်တို့သည် လက်ရှိ ပါလက်စတိုင်း အခြေအနေ အထူးသဖြင့် ဂါဇာကမ်းမြောင်တွင် ဆက်တိုက်ဖြစ်ပွားနေသည့် အချင်းပွားမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
    အီဂျစ်သမ္မတရုံးမှ ဇန်နဝါရီလ ၈ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် နှစ်နိုင်ငံ ခေါင်းဆောင်များသည် ပါလက်စတိုင်းအမျိုးသားအာဏာပိုင်အဖွဲ့၏ အရေးပါသော အခန်း ကဏ္ဍကို အလေးထားဖော်ပြပြီး ၄င်းပါဝင်ခြင်းကို ထောက်ခံရန် နည်းလမ်းမှန်သမျှ ရှာကြံဆောင်ရွက်ရမည် ဖြစ်သည်ဟု ပြောကြားခဲ့ကြကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်း သည် သမိုင်း၊ နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားရေး တာဝန်များကို ထမ်းဆောင် မှသာ ပါလက်စတိုင်းပြဿနာကို တရားမှန်ကန်စွာ ဘက်စုံ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်ဟု နှစ်ဦးနှစ်ဖက်တို့က ယူဆခဲ့ကြကြောင်း ဖော်ပြထားပါသည်။
    နှစ်နိုင်ငံခေါင်းဆောင်များက ပါလက်စတိုင်းလုပ်ငန်းကို ထိခိုက်စေရန်နှင့် ပါလက်စတိုင်းနိုင်ငံသားများအား ၄င်းတို့၏ပိုင်နက်နယ်မြေမှ နှင်ထုတ်ရန် ကြံစည်ချက် မှန်သမျှကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်ဟု ပြောကြားခဲ့ကြပါသည်။
    ပါလက်စတိုင်း ဂါဇာ ကမ်းမြောင်  ကျန်းမာရေးဌာနမှ ဇန်နဝါရီလ ၈ရက်နေ့က ထုတ်ပြန်ခဲ့သော စာရင်းအရ ၂၀၂၃ခုနှစ် အောက်တိုဘာလ ၇ရက်နေ့မှစ၍ အသစ်တစ်ကြိမ် ပါလက်စတိုင်း-အစ္စရေး အချင်းပွားမှု ဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်တွင် အစ္စရေး တပ်ဖွဲ့၏ စစ်ရေး ဆောင်ရွက်မှုများကြောင့် လူ၂သောင်း၃ထောင်ကျော် သေဆုံးသွားပြီး လူ ၅သောင်း ၈ထောင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ သိရပါသည်။