တရုတ်နိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံသော နိုင်ငံအသီးသီးမှ ကုမ္ပဏီများအတွက် ပွင့်လင်းမြင်သာမှုရှိပြီး ခွဲခြားမှုမရှိသော စီးပွားရေးပတ်ဝန်းကျင်ကို ပံ့ပိုးပေးရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2024-01-09 16:59:57  

ဇန်နဝါရီလ ၈ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန် သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့သည်။ သက်ဆိုင်ရာမေးမြန်းချက်ကို ဖြေကြားရာတွင် မော်နင်က တရုတ်နိုင်ငံသည် အဆင့်မြင့်မားသောတံခါးဖွင့်ရေးကို အမြဲတမ်းစွဲကိုင်ပြီး ဈေးကွက်စီးပွားရေး အခြေခံမူများနှင့် WTO စည်းမျဉ်းများကို အခိုင်အမာ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံသော နိုင်ငံအသီးသီးမှ ကုမ္ပဏီများအတွက် ပွင့်လင်းမြင်သာမှုရှိပြီး ခွဲခြားမှုမရှိသော စီးပွားရေးပတ်ဝန်းကျင်ကို ပံ့ပိုးပေးရန် ဆန္ဒရှိကြောင်း၊ တရုတ်ဘက်၏ ယင်းရပ်တည်ချက်သည်  တသမတ်တည်းဖြစ်ပြီး ပြောင်းလဲမှုမရှိကြောင်း ပြောကြားပါသည်။