ဂါဇာဒေသသို့ ဆေးပစ္စည်းများထောက်ပံ့ရန် နှစ်ပတ်နီးပါး ပြတ်တောက်ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဆို

(GMT+08:00)2024-01-09 16:24:30  

ဘေးအန္တရာယ်ကင်းရှင်းရေး အာမခံမရှိသောကြောင့် ဂါဇာဒေသသို့ ဆေးပစ္စည်းများကို ၁၂ ရက်ဆက်တိုက် ပို့ဆောင်နိုင်ခြင်းမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

အစ္စရေးစစ်တပ်၏ အပြင်းအထန် ဗုံးကြဲမှုကြောင့် ဂါဇာဒေသ အထူးသဖြင့် ဂါဇာမြောက်ပိုင်းသို့ ဆေးဘက်ပစ္စည်း ထောက်ပံ့ရန် “မဖြစ်နိုင်သလောက်” ဖြစ်ကြောင်း DPA သတင်းဌာနက ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်သည့်သတင်းကို ကိုးကား၍ ထုတ်ပြန်ခဲ့ပါသည်။