ဂါဇာတွင် စစ်ဆင်မှုများသည် ပြင်းအား နည်းပါးသော အဆင့်သစ်တစ်ခုသို့ ရောက်ရှိနေပြီဟု အစ္စရေးစစ်တပ်ဆို

(GMT+08:00)2024-01-09 16:32:12  

အမေရိကန်မီဒီယာ "The New York Times" ၏ အင်တာဗျူးကို လက်ခံခဲ့ရာ၌ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Hagari က ဂါဇာကမ်းမြောင်တွင် အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဆင်မှုများသည် ပြင်းအား နည်းပါးသော အဆင့်သစ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ပြီး အစ္စရေးစစ်တပ်သည် မြေပြင်တပ်များနှင့် လေကြောင်းမှ တိုက်ခိုက်မှု များကို လျှော့ချမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဇန်နဝါရီလ ၈ ရက်နေ့ထုတ် The Times of Israel မှ သတင်းအရသိရပါသည်။

Hagari သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken အစ္စရေးသို့ အလည်အပတ်မရောက်ရှိမီတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပါသည်။