ယူနန်ပြည်နယ်တွင် နှစ်ပေါင်း သန်း ၅၀၀ သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်း အများအပြားကို ရှာဖွေတွေ့ရှိ

(GMT+08:00)2024-01-08 13:57:48  

ဇန်နဝါရီလ ၅ ရက်နေ့က ယူနန်ပြည်နယ် ချူကျင့်မြို့တွင် ကျောက်ဖြစ်ရုပ်ကြွင်း အများအပြားကို ရှာဖွေတွေ့ရှိပြီးနောက်ပိုင်း သက်ဆိုင်ရာ ဝန်ထမ်းများသည် ကျောက်ဖြစ်ရုပ်ကြွင်းများကို ဖော်ထုတ် စုဆောင်းကာ သုတေသနပြုကြပါသည်။ ယူနန်တက္ကသိုလ် ပုဏ္ဏားဗေဒ သုတေသန အကယ်ဒမီမှ ကျွမ်းကျင်သူပညာရှင်များ၏ ရှင်းပြချက်အရ trilobite အပါအဝင် arthropod များ၏ အခွံများကို အဓိက ရှာဖွေတွေ့ရှိခဲ့ပြီး ကျောက်ဖြစ်ရုပ်ကြွင်းအများစုမှာ ခန္ဓာကိုယ်နှင့် အရိုးစုများ အပြည့်အစုံ ထိန်းသိမ်းထားသည့်အတွက်  သိပ္ပံနည်းကျ သုတေသနပြုမှု တန်ဖိုးနှင့် တန်ဆာဆင်မှု တန်ဖိုး အတော်အတန်ရှိသည်။ ဤမြေလွှာ၏ ဘူမိဗေဒအချိန်သည် နှစ်ပေါင်း သန်း ၅၀၀ သက်တမ်းရှိကြောင်း ပဏာမအားဖြင့် ခန့်မှန်းထားသည်။