ဂျပန်နှင့် အမေရိကန်အပါအဝင်နိုင်ငံများပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်

(GMT+08:00)2024-01-08 13:58:34  

ဒေသစံတော်ချိန် ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ဂျပန်စစ်သားတစ်ဦးသည် ရုပ်ဖျက်ဝတ်စုံဝတ်ဆင်ကာ ဂျပန်နိုင်ငံ၊ ချီဘာ စီရင်စုရှိ ရှီကျီ စခန်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့၏ ပထမလေကြောင်းချီတပ်မဟာနှင့် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီနှင့် အခြားနိုင်ငံများမှ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်။