၂၀၂၃ခုနှစ်တွင် တရုတ်နိုင်ငံသည် တီထွင်မှု မူပိုင်ခွင့် ၉ သိန်း ၂ သောင်း ၁ ထောင်ကို ခွင့်ပြုပေး

(GMT+08:00)2024-01-08 13:56:20  

တရုတ်နိုင်ငံ၏ ပညာမူပိုင်ခွင့် စိစစ်သုံးသပ်ခြင်း အရည်အသွေးနှင့် ထိရောက်မှုတို့သည် ဆက်လက်တိုးတက်နေကြောင်း တရုတ် အမျိုးသား ပညာမူပိုင်ခွင့် ဌာနမှ သတင်းအရ သိရပါသည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် တီထွင်မှု မူပိုင်ခွင့်စုစုပေါင်း ၉ သိန်း ၂ သောင်း ၁ ထောင်ကို ခွင့်ပြုခဲ့ပြီး  ၂၀၂၂ခုနှစ် အလားတူအချိန်ပိုင်းကထက် ၁၅.၄ ရာခိုင်နှုန်း တိုးလာကာ အသုံးဝင် မော်ဒယ်မူပိုင်ခွင့် ၂ သန်း ၉ သောင်းနှင့် ဒီဇိုင်းမူပိုင်ခွင့် ၆ သိန်း ၃သောင်း ၈ ထောင်ကို ခွင့်ပြုထားပြီး၊ မှတ်ပုံတင်ထားသော ကုန်အမှတ်တံဆိပ် ၄ သန်း ၃ သိန်း ၈ သောင်း ၃ထောင်နှင့် ပေါင်းစပ် circuit layout ဒီဇိုင်း ၁ သောင်း ၁ ထောင် ၃ ရာ ရှိပြီး geographical indications များကို အသုံးပြုရန် စီးပွားရေးလုပ်ငန်းအဖွဲ့ ၅၈၄၂ ကို စစ်ဆေးအတည်ပြုခဲ့ပါသည်။