၂၀၂၃ခုနှစ် တရုတ် ပြည်တွင်းပြည်ပ ခရီးသွားလာသူ ဦးရေသည် ၂၆၄သန်းကျော်ရှိမည်ဟု ခန့်မှန်း

(GMT+08:00)2024-01-08 13:56:56  

၂၀၂၄ခုနှစ် တရုတ် ပြည်တွင်းပြည်ပ ခရီးသွားဈေးကွက်သည် တစ်ဆင့်တိုး လျင်မြန်စွာ ပြန်လည်ရှင်သန်လာပြီး တစ်နှစ်ပတ်လုံး ခရီးသွားလာသူဦးရေနှင့် နိုင်ငံတကာ ခရီးသွားဝင်ငွေ ပမာဏတို့သည် ၂၆၄သန်းကျော် နှင့် အမေရိကန်ဒေါ်လာ ၁၀၇ဘီလီယံကျော် အသီးသီးရှိမည်ဟု တရုတ်ခရီးသွားသုတေသန အကယ်ဒမီက ခန့်မှန်းထားကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

၂၀၂၃ခုနှစ် တစ်ကမ္ဘာလုံး ခရီးသွားလာရေး ပြန်လည်ရှင်သန်လာသည်နှင့်အမျှ တရုတ်ခရီးသည်များသည် ကမ္ဘာဒေသအရပ်ရပ်ကို ပြန်လည်စတင်သွားရောက်လည်ပတ် ခဲ့ပါသည်။ တရုတ်မြို့ပြလေကြောင်းဗျူရိုမှ စာရင်းအရ နိုင်ငံတကာ ခရီးသည်တင် လေကြောင်းခရီးစဉ် အရေအတွက်သည် ၂၀၂၃ခုနှစ် နှစ်ဆန်းပိုင်းက တစ်ပတ်လျှင် ၅၀၀ခန့်သာ ရှိသည်မှ လက်ရှိအချိန်တွင် တစ်ပတ်လျှင် ၄၆၀၀ကျော်အထိ တိုးများလာကြောင်း၊ ၂၀၂၄ခုနှစ် နိုင်ငံတကာ ခရီးသည်တင်လေယာဉ်ဈေးကွက်သည် ဆက်လက် ပိုမိုလျင်မြန်စွာ ရှင်သန်လာမည်ဖြစ်ပြီး နှစ်ကုန်ပိုင်းတွင် တစ်ပတ်လျှင် လေကြောင်းခရီးစဉ် ၆၀၀၀ ဝန်းကျင်အထိ ရှိမည်ဖြစ်ကာ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင်က ၈၀ ရာခိုင်နှုန်းအထိ ပြန်ရှိမည်ဟု ခန့်မှန်းကြောင်း သိရပါသည်။