“Belt and Road”အတူတည်ဆောက်ခြင်းသည် ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးကို ပိုမိုတွန်းအားဖြစ်စေ မည်

(GMT+08:00)2024-01-07 15:11:13  

Dhaka Airport Elevated Expressway ပရောဂျက်ကို ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလတွင် စတင်ခဲ့ပါသည်။ ပင်မလိုင်းသည် ၁၉.၇၃ ကီလိုမီတာ ရှည်လျားပြီး လက်ရှိ ဖွင့်လှစ်ထားသော ပင်မလိုင်း၏ ပထမအဆင့်အပိုင်းသည် ၁၁.၃ ကီလိုမီတာခန့် ရှည်လျားပါသည်။ ၎င်းသည် ဘင်္ဂလားဒေ့ရှ်၏ ဦးစားပေး ဆောက်လုပ်သော အခြေခံအဆောက်အအုံများထဲမှ တစ်ခု အပါအဝင် ဖြစ်ပါသည်။ ယင်းလိုင်းသည် ဘင်္ဂလားဒေ့ရှ် မြောက်ပိုင်းရှိ Dhaka Shahgara အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းဖြစ်သည့် Chattogramကို ဆက်စပ်ပေးပါသည်။ လိုင်းတစ်ခုလုံးကို ဖွင့်ပြီးလျှင် မော်တော်ကားဖြင့် သွားသည့် ခရီးကြာချိန်မှာ ယခင်က နှစ်နာရီမှ မိနစ် ၂၀ အထိသာ တိုတောင်းသွားစေမည် ဖြစ်သဖြင့် ၎င်းExpresswayသည် ဘင်္ဂလားဒေ့ရှ်၏ အရေးအကြီးဆုံး အဝေးပြေးကားလမ်းနှင့် စီးပွားရေးစင်္ကြံများထဲမှ တစ်ခု အပါအဝင် ဖြစ်လာမည် ဖြစ်ပါသည်။