ရေခဲနှင့်ဆီးနှင်းစီးပွားရေး စွမ်းအင်ပြည့်ဝ

(GMT+08:00)2024-01-07 15:13:44  

    ၂၀၂၂ခုနှစ် ဘေကျင်း ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်ကို ကျင်းပခဲ့သည့် နောက်ပိုင်းတွင် လူများ၏ ရေခဲနှင့်ဆီးနှင်းအားကစားတွင် ပါဝင်သော စိတ်အားထက်သန်မှု ဆက်တိုက် တိုးမြင့်လာကြောင်း၊ Qunar.comမှ စာရင်းအရ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ဝင်ရောက်ပြီး Qunar.comပေါ်တွင် “နှင်းလျှောစီးခြင်း”ဆိုင်ရာ ရှာဖွေမှုနှုန်းသည် အောက်တိုဘာလကထက် ၃ဆတိုးများလာ၍ တနိုင်ငံလုံး နှင်းလျှောစီးစခန်း ဝင်ခွင့်လက်မှတ် ကြိုတင်မှာယူမှု ပမာဏသည် ၂၀၁၉ခုနှစ် အလားတူအချိန်ပိုင်းကထက် ၁၄၇ ရာခိုင်နှုန်း တိုးများလာသည်ဟု သိရကြောင်း၊ ctrip.comမှ စာရင်းအရ ၂၀၂၃ခုနှစ်နှစ်ကုန်အထိ နှင်းလျှောစီးစခန်း ဝင်ခွင့်လက်မှတ်ကြိုတင်မှာယူမှု ပမာဏသည် ၂၀၂၂ခုနှစ် အလားတူ အချိန်ပိုင်းကထက် ၂ဆနီးပါး တိုးများလာသည်ဟု သိရကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။