တရုတ်စီးပွားရေးသည် ဆက်လက်ပြန်လည်တည်ငြိမ်ကောင်းမွန်လာပြီး အာရှစီးပွားရေး ခြေလှမ်းမှန်မှန်ဖြင့် နာလန်ပြန်ထူလာမှုကို တွန်းအားပေး

(GMT+08:00)2024-01-07 15:13:01  

ဇန်နဝါရီလ ၆ရက်နေ့က China Federation of Logistics and Purchasingက ၂၀၂၃ခုနှစ် ဒီဇင်ဘာလတွင် တကမ္ဘာလုံး ကုန်ထုတ်လုပ်မှု Purchasing Managers’Index (PMI)သည် ၄၈ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၂၃ခုနှစ် တကမ္ဘာလုံး ကုန်ထုတ်လုပ်မှု Purchasing Managers’Index(PMI) တစ်နှစ်ပတ်လုံး ပျမ်းမျှနှုန်းသည် ၄၈.၅ ရာခိုင်နှုန်းရှိကြောင်း၊ တကမ္ဘာလုံး စီးပွားရေး တိုးတက်မှုအရှိန်သည် ၂၀၂၂ခုနှစ်နှင့်နှိုင်းကြည့်လျှင် အသင့်အတင့် နှေးကွေးလာကြောင်း ထုတ်ပြန်ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

၂၀၂၃ခုနှစ်တွင် ဥရောပတိုက်၊ အမေရိကတိုက်နှင့် အာရှတိုက်၏ ကုန်ထုတ်လုပ်မှု Purchasing Managers’Index(PMI) တစ်နှစ်ပတ်လုံး ပျမ်းမျှနှုန်းများသည် ၄၆.၃ ရာခိုင်နှုန်း၊ ၄၇.၅ ရာခိုင်နှုန်းနှင့် ၅၀.၇ရာခိုင်နှုန်း အသီးသီး ရှိကြောင်း၊ အာရှ စီးပွားရေး တိုးတက်မှု ဆိုင်ရာ ရှေရှည်ခိုင်မာမှုသည် ပိုမိုအားကောင်းကြောင်း၊ တရုတ်စီးပွားရေးသည် ဆက်လက် ပြန်လည်တည်ငြိမ်ကောင်းမွန်လာပြီး အာရှစီးပွားရေး၏ ခြေလှမ်းမှန်မှန်ဖြင့် နာလန်ပြန်ထူ လာမှုကို တွန်းအားပေးသော အဓိကအင်အား ဖြစ်မြဲ ဖြစ်နေသေးကြောင်း သတင်းရရှိပါသည်။