၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ဆောင်းရာသီ အားကစားပြိုင်ပွဲ ကြိုတင်ပြင်ဆင်မှု အလုပ်များကို စနစ်တကျ ဆောင်ရွက်လျက်ရှိ

(GMT+08:00)2024-01-07 15:08:57  

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ဆောင်းရာသီ အားကစားပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၂၇ ရက်နေ့အထိ အတွင်းမွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသတွင် ကျင်းပသွားမည်ဖြစ်ပါသည်။ လက်ရှိအချိန်တွင် အားကစားပြိုင်ပွဲ၏ ကြိုတင် ပြင်ဆင်မှု အလုပ်များကို ချောမောတည်ငြိမ်စွာ ဆောင်ရွက်လျက်ရှိပါသည်။

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ဆောင်းရာသီ အားကစားပြိုင်ပွဲတွင် အားကစားသမား ၃၇၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြမည်ဟု ခန့်မှန်းရပြီး၊ ယခင် တရုတ် ပြည်လုံးဆိုင်ရာ ဆောင်းရာသီအားကစားပြိုင်ပွဲများတွင် အတိုင်းအတာအကြီးမားဆုံးနှင့် ပြိုင်ပွဲစဉ် အများဆုံးသော ပြိုင်ပွဲ တစ်ကြိမ်ဖြစ်ည်ဟု သိရပါသည်။