၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းသည် ၂.၄ ရာခိုင်နှုန်းအထိသို့ ကျဆင်းမည်ဟု ကုလသမဂ္ဂ အစီရင်ခံစာက ခန့်မှန်း

(GMT+08:00)2024-01-07 15:12:06  

ကုလသမဂ္ဂမှ ထုတ်ပြန်သော "၂၀၂၄ခုနှစ်ကမ္ဘာ့စီးပွားရေးအခြေအနေနှင့်မျှော်လင့်ချက်" အစီရင်ခံစာတွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၃ ခုနှစ်က ၂.၇ ရာခိုင်နှုန်း ရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၂.၄ ရာခိုင်နှုန်း အထိ ကျဆင်းသွားမည်ဖြစ်ပြီး၊ ကပ်ရောဂါမဖြစ်ပွားမီ ၃ ရာခိုင်နှုန်းထက် နိမ့်ကျမည်ဟု ခန့်မှန်းထားပါသည်။ ဇန်နဝါရီလ ၄ ရက်နေ့က ကုလသမဂ္ဂ၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည့် ၄င်းအစီရင်ခံစာတွင် အတိုးနှုန်း ဆက်လက် မြင့်မားနေခြင်း၊ ပဋိပက္ခများ ပြင်းထန်လာခြင်း၊ နိုင်ငံတကာ ကုန်သွယ်မှု အားနည်းခြင်းနှင့် ရာသီဥတု ဘေးအန္တရာယ်များ တိုးလာခြင်းတို့သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်ကြောင်း ဖော်ပြထားပါသည်။