သြစတြေးလျနိုင်ငံ မဲလ်ဘွန်းမြို့မှာ ဓားထိုးမှု ၃မှု ဖြစ်ပွားခဲ့ပြီး လူ၄ ဦး ဒဏ်ရာရရှိ

(GMT+08:00)2024-01-07 15:15:43  

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် ရဲဘက်၏ ပြောကြားချက်အရ ဒေသစံတော်ချိန် ဇန်နဝါရီလ ၆ရက်‌နေ့ ညက မဲလ်ဘွန်းမြို့လယ်တွင် ဓားထိုးမှု ၃ မှု ဖြစ်ပွားခဲ့ရာ လူလေးဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများ အနက် အမျိုးသမီးတစ်ဦးက  သေလုမျောပါး ဖြစ်နေကြောင်း သိရပါသည်။

ဒေသခံရဲဘက်က အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့သည်။ အဆိုပါအမျိုးသားသည် မတူညီသောနေရာများတွင် ဤဓားထိုးမှု သုံးမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။