အမေရိကန် စစ်ရေးစက်မှုလုပ်ငန်း ၅ ခုတို့အား ပိတ်ဆို့အရေးယူရန် တရုတ်ဆုံးဖြတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2024-01-07 15:10:12  

   ယခုရက်များတွင် အမေရိကန်သည် ထိုင်ဝမ်အား လက်နက်ရောင်းချမှု စီမံကိန်းအကြိမ်သစ်ကို ထုတ်ပြန်သည့်အပြင် အကြောင်းပြုချက်အမျိုးမျိုးဖြင့် တရုတ်လုပ်ငန်းကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအား ပိတ်ဆို့အရေးယူခဲ့ပါသည်။ ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်သည် တရုတ်ပြည်တစ်ပြည်တည်းသာ ရှိရေးမူနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် (၃) ရပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသအား လက်နက်ရောင်းချခြင်း၊ တရုတ်ကုမ္ပဏီများ နှင့် လူပုဂ္ဂိုလ်များအပေါ် တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့အရေးယူခြင်းများသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက်စေပြီး ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းတည်ငြိမ်ရေးကို ဆိုးရွားစွာ ဖျက်ဆီးကာ၊ တရုတ် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ၏ တရားဝင်အခွင့်အရေးများကို ဆိုးရွားစွာ ကျူးကျော်ထိပါးခဲ့ကြောင်း၊ အမေရိကန်၏  ယင်းလွန်စွာမှားယွင်းသော လုပ်ရပ်များကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားအရေးယူမှု ဆန့်ကျင်ရေးဥပဒေ”အရ အမေရိကန် စစ်ရေးစက်မှုလုပ်ငန်း ၅ခုတို့အား ပိတ်ဆို့အရေးယူရန် ဆုံးဖြတ်ကြောင်း ပြောကြားခဲ့ပါသည်။