တရုတ်နိုင်ငံသည် Tianmu-1 မိုးလေဝသ တာရာ ၁၅-၁၈ဂြိဟ်တုများကို အောင်မြင်စွာလွှတ်တင်

(GMT+08:00)2024-01-06 16:17:18  

ဇန်နဝါရီလ ၅ရက်နေ့ ည ၇နာရီ ၂၀မိနစ်က တရုတ်နိုင်ငံသည် ကျိုချွမ်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ Kuaizhou-1A သယ်ဆောင်ရေးဒုံးပျံဖြင့် Tianmu-1 မိုးလေဝသ တာရာ ၁၅-၁၈ဂြိဟ်တုများကို အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း၊ ဂြိုဟ်တုများသည် သတ်မှတ်ထားသောပတ်လမ်းသို့ ချောမောစွာဝင်ရောက်ခဲ့ကြောင်း၊ လွှတ်တင်ရေးတာဝန်ကို အောင်မြင်စွာဆောင်ရွက်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။