Noto ဒေသ၌ ၄ရက်ခွဲများအတွင်း ငလျင် အကြိမ်ပေါင်း တစ်ထောင်ကျော် လှုပ်ခတ်ခဲ့သည်ဟု ဂျပန်မိုးလေဝသဌာနဆို

(GMT+08:00)2024-01-06 16:25:36  

    ဂျပန်မိုးလေဝသဌာနမှ ၆ရက်နေ့က ထုတ်ပြန်သော နောက်ဆုံးစာရင်းအရ ဒေသစံတော်ချိန် ဇန်နဝါရီလ ၁ရက်နေ့ ညနေ ၄နာရီမှ ၆ရက်နေ့ နံနက် ၈နာရီအထိ Ishikawa ပြည်နယ် Noto ဒေသကို ဗဟိုပြုသောရပ်ဝန်း၌ ငလျင်လှုပ်ခတ်မှု ၁၀၄၅ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရကြောင်း China Media Groupက ဖော်ပြပါသည်။