ယူကရိန်း၏ အဆုံးအဖြတ်ပေးမှု စင်တာကို တိုက်ခိုက်ခဲ့ဟု ရုရှား ဆို ပြီး၊ ရုရှား၏ ကွပ်ကဲမှုစခန်းကို တိုက်ခိုက်ခဲ့ဟု ယူကရိန်း ဆို

(GMT+08:00)2024-01-06 16:13:06  

ဒေသစံတော်ချိန် ယခုလ ၅ ရက်နေ့က ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တိုက်ပွဲအစီရင်ခံစား ထုတ်ပြန်ခဲ့ရာ ရုရှားတပ်မတော်သည် သိမ်မွေ့တိကျသော လက်နက်များနှင့် ဒရုန်းများကို အသုံးပြုပြီး ယူကရိန်း အဆုံးအဖြတ်ပေးမှု စင်တာနှင့် စစ်ရေးစက်မှုလုပ်ငန်း အခြေခံ အဆောက်အအုံများအား အကြိမ် ၄၀ ကျော် တိုက်ခိုက်ခဲ့ကြောင်းဖော်ပြခဲ့ပါသည်။

     ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးဌာနချုပ်သည် ထိုနေ့တွင်ပင် တိုက်ပွဲ အစီရင်ခံစာထုတ်ပြန်ပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရှေ့တန်းစစ်မျက်နှာတွင် တိုက်ပွဲ ၅၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ယူကရိန်း လေတပ် အပါအဝင် တပ်ဖွဲ့များသည် ရုရှား ကွပ်ကဲမှု စခန်းနှင့် ခဲယမ်းမီးကျောက်တိုက်စသည့် နေရာများကို တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။