မော်လဒိုက်သမ္မတ မူဇီသည် တရုတ်နိုင်ငံသို့ လာရောက်မည်

(GMT+08:00)2024-01-06 16:13:57  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်းယဉ်က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ မော်လ်ဒိုက် သမ္မတနိုင်ငံ သမ္မတ မူဟန်မူတယ်•မူယီဇီသည် ဇန်နဝါရီလ ၈ရက်နေ့မှ ၁၂ရက်နေ့အထိ တရုတ်နိုင်ငံသို့ လာရောက် တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။