ဂါဇာကမ်းမြောင်ဒေသရှိ အိမ် ၂ လုံးတွင် အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူ ၁၅ ဦး သေဆုံး

(GMT+08:00)2024-01-06 16:11:23  

    ဒေသစံတော်ချိန် ၆ ရက်နေ့ မိုးလင်းခါနီးအချိန်တွင် အစ္စရေးတပ်ဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Deir al-Balahနှင့် တောင်ဘက် Khan Younisရှိ အိမ် ၂ လုံးကို လေကြောင်းမှ တိုက်ခိုက် ခဲ့ရာ အမျိုးသမီးနှင့် ကလေးများအပါအဝင် လူ ၁၅ ဦး သေဆုံးသွားပြီး လူ အမြောက်အများ ဒဏ်ရာရရှိ ခဲ့ကြောင်း ပါလက်စတိုင်း သတင်းအေဂျင်စီမှ သတင်းအရ သိရပါသည်။