Wang Xiaohong သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာပြည့်နှင့် ဗီဒီယိုဖြင့် ဆက်သွယ်

(GMT+08:00)2024-01-06 16:12:38  

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong သည် ယခုလ ၅ ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဗီဒီယိုဖြင့် ဆက်သွယ်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

Wang Xiaohong က တရုတ်နိုင်ငံသည် တရုတ်-မြန်မာဆက်ဆံမှုကို မဟာဗျူဟာ မြောက် ရှုထောင့်မှနေ အမြဲရှုမြင်ပြီး ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များရရှိခဲ့သော အရေးကြီး သဘောတူညီမှု အကောင်အထည် ဖော်ဆောင်ရန်၊ တရားဥပဒေ ကျင့်သုံးရေးနှင့် လုံခြုံမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေး ဘက်စုံနက်ရှိုင်းစွာ မြှင့်တင်ရန်နှင့် အေးအတူ ပူအမျှ တရုတ်-မြန်မာ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး ဆက်တိုက်တိုးမြင့်ရန် အတွက် မြန်မာနိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ရာပြည့်က နှစ်နိုင်ငံ တရားဥပဒေ ကျင့်သုံးရေးနှင့် လုံခြုံမှုရေးရာ ပူးပေါင်းဆောင်ရွက် ရေးကို နက်ရှိုင်းစေပြီး မြန်မာ-တရုတ် နယ်စပ်ဒေသ လုံခြုံမှုနှင့် တည်ငြိမ်မှု ထိန်းသိမ်းရန် အတွက်  အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားလိုပါကြောင်း ပြောကြားခဲ့ပါသည်။