တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီသည် အစည်းအဝေး ကျင်းပ

(GMT+08:00)2024-01-06 16:13:30  

ဇန်နဝါရီလ ၄ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီသည် အစည်းအဝေးကို ကျင်းပခဲ့ရာ  ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၊ နိုင်ငံတော်ကောင်စီ၊ ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ၊ ပြည်သူ့တရားရုံးချုပ်နှင့် ပြည်သူ့ရှေ့နေချုပ်ရုံးတို့၏ ပါတီဦးစီးအဖွဲ့များမှ လုပ်ငန်းအစီရင်ခံစာများကို နာကြားပြီး ဗဟိုကော်မတီ အတွင်းရေးမှူးဌာန၏ လုပ်ငန်းအစီရင်ခံစာကိုလည်း နာကြားခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူးကျင်းပပြီး အရေးကြီးမိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းအရ သိရပါသည်။