အီရန်သည် Kermanမြို့ အသေခံ ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်သော လူ ၁၁ဦးကို ဖမ်းဆီး

(GMT+08:00)2024-01-06 16:15:08  

အီရန် ထောက်လှမ်းရေးဌာနမှ ယခုလ ၅ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက် တစ်ရပ်တွင် အီရန်သည် Kermanမြို့ အသေခံ ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်သော လူ ၁၁ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

၄င်းထုတ်ပြန်ကြေညာချက်၌ ၄င်း အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် အီရန် ထောက်လှမ်းရေး ဌာနသည် လုံခြုံရေးဌာန၊ ရဲဌာနများနှင့် ပူးပေါင်းပြီး ပြည်နယ် ၆ပြည်နယ်တွင်  ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်သော လူ ၁၁ဦးကို ရှေ့ဆင့်နောက်ဆင့် ဖမ်းဆီးရ မိခဲ့ကြောင်း၊ ယင်းအနက် အသေခံ ဗုံးဖောက်ခွဲမှု ပြုလုပ်သူ ၂ဦးတွင် တစ်ဦးသည် တာဂျစ်စတန်(Tajikistan) နိုင်ငံသား ဖြစ်ပြီး နောက်တစ်ဦး မည်သူမည်ဝါဖြစ်ခြင်းကို အတည်ပြုရန် လိုနေသေးကြောင်း ဖော်ပြပါသည်။