ဝမ်ယိသည် တရုတ်-အမေရိကန် သံအဆက်အသွယ်ထားရှိခဲ့သည့် ၄၅ပြည့်မြောက်နှစ် အထိမ်းအမှတ် ဧည့်ခံပွဲသို့ တက်ရောက်

(GMT+08:00)2024-01-06 16:14:31  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဇန်နဝါရီလ ၅ရက်နေ့က ဘေကျင်းမြို့၌ တရုတ်-အမေရိကန် သံအဆက်အသွယ်ထားရှိခဲ့သည့် နှစ် ၄၅ပြည့်မြောက်ခြင်း အထိမ်းအမှတ် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စုတို့ သံအဆက် အသွယ်ထားရှိခဲ့သည့် ၄၅နှစ် ပြည့်မြောက်သည့် နှစ်ဖြစ်ကြောင်း၊ သမ္မတရှီကျင့်ဖိန်နှင့် သမ္မတ ဘိုင်ဒန်တို့သည် ဂုဏ်ပြုသဝဏ်လွှာကို အပြန်အလှန်ပေးပို့ခဲ့ကြောင်း၊ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့က တရုတ်-အမေရိကန် ဆက်ဆံရေးကို တည်ငြိမ်စေပြီး ဖွံ့ဖြိုးတိုးတက်စေကာ နှစ်နိုင်ငံနှင့်ကမ္ဘာ့အတွက် အကျိုးပြုစွမ်းဆောင်ပေးရန် ဆက်လက် ကြိုးပမ်းအားထုတ်မည်ဟု အလေးထားပြောကြားခဲ့ကြကြောင်း၊ ဝမ်ယိက မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။