ဂျပန် Ishikawa ပြည်နယ်Noto ဒေသတွင် မြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၉၁ဦး သေဆုံးပြီး ၁၇၉ဦး ပျောက်ဆုံးနေ

(GMT+08:00)2024-01-05 14:16:08  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၉ နာရီ ၂၇ မိနစ်ခန့်တွင် ဂျပန်နိုင်ငံ Ishikawa ပြည်နယ် Noto ဒေသတွင် ရစ်ချ်တာစကေး ၄.၁ အဆင့်ရှိသည့် မြေငလျင် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း ဂျပန် မိုးလေဝသဌာနမှ သတင်းအရ သိရပါသည်။ လက်ရှိအချိန်တွင် ဂျပန် Ishikawa ပြည်နယ်တွင် ငလျင် လှုပ်ခတ်မှုကြောင့် လူ ၉၁ဦး သေဆုံးပြီး ၁၇၉ ဦး ပျောက်ဆုံးနေကြောင်း TBS သတင်းဌာနက ဖော်ပြပါ သည်။ ဇန်နဝါရီလ ၁ ရက်နေ့က မြေငလျင်လှုပ်ခတ်ပြီးနောက် ဒေသစံတော်ချိန် ၅ ရက်နေ့ နံနက် ၅ နာရီ အထိ Ishikawa ပြည်နယ်တွင် အိမ်ထောင်စု ၂၈၅၀၀စုသည် လျှပ်စစ်မီးပြတ်တောက်မှု ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း ဂျပန် ဟိုကူရီကူ လျှပ်စစ်ကုမ္ပဏီမှ သတင်းအရ သိရပါသည်။