ယူနန်ပြည်နယ် မန်စီမြို့ ရှိ Trachypithecus phayrei မျောက်အုပ်စုတွင် မွေးခါစ မျောက်ကလေးများ တိုးလာ

(GMT+08:00)2024-01-05 11:48:26  

မကြာခင်ရက်များက ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့ရှိ ထူထပ်သော သစ်တောများတွင်ရှိ Trachypithecus phayrei မျောက်အုပ်စုမှာ မွေးခါစ မျောက်ကလေးများ တိုးလာပါသည်။ ရွှေဝါရောင် မျောက်ကလေးများသည် မီးခိုးရောင် မျောက်ကြီးများ၏ ရင်ခွင်တွင် လှည့်ပတ်ကြည့်ရှုပြီး အထူးအဆန်းများကို စူးစမ်းလိုစိတ် တက်ကြွသော ကလေးကဲ့သို့ ချစ်စဖွယ်ကောင်းလှသည်။ 

Trachypithecus phayrei မျောက်သည် တရုတ်နိုင်ငံ ပထမအဆင့် ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်ဖြစ်သည်။ မျောက်ကလေးများသည် မွေးဖွားလာသည့်အချိန်တွင် ရွှေဝါရောင်ဖြစ်ပြီး အသက် ၃ လအရွယ်ခန့်တွင် မီးခိုးရောင် ပြောင်းလာတတ်သည်။ ၎င်းတို့သည် အသွင်အပြင် ချစ်ဖို့ကောင်းသည့်အပြင် အလွန်လိမ္မာသည်။ သီးနှံများကို ဖျက်ဆီးသည့် “မကောင်းသော အပြုအမူမှတ်တမ်း” မရှိသလောက်ပင်ဖြစ်သည်။