ဆောင်းတွင်းငါးဖမ်းရာသီ ရောက်ရှိပြီး တံငါသည်များက အလုပ်များလာ

(GMT+08:00)2024-01-05 12:40:46  

   ယခုရက်များတွင် ဇန်စုမြို့ တျန့်ရှ ရေလှောင်ကန်တွင် ဆောင်းတွင်းငါးဖမ်းရာသီ ရောက်ရှိပြီး တံငါသည်များသည် လတ်ဆတ်သော ငါးများကို ဖမ်းယူခဲ့ကြပါသည်။

   ယခုနှစ်များတွင် ယင်းဒေသသည် ရေအရင်းအမြစ်ကို ထိန်းသိမ်းကာကွယ်ရန် နှစ်စဉ်နှစ်တိုင်း ရေအရည်အသွေးသန့်စင်နိုင်သော မျိုကောင်း ငါးများကို ရွေးချယ်ပြီး ရေလှောင်ကန်တွင် မွေးမြူပါသည်။ ဂေဟစနစ် မွေးမြူရေးနှင့် အကောင်ကြီးများကို ဖမ်း၊ အကောင်ငယ်များကို ထားရှိသော နည်းလမ်းအတိုင်း မွေးမြူခဲ့ကြသောကြောင့် စီးပွားရေးနှင့် ဂေဟစနစ်ဆိုင်ရာ အကျိုးကျေးဇူးများရရှိရန် အကောင်အထည်ဖော်ဆောင်ပါသည်။