အင်ဒိုနီးရှားတွင် ရထားနှစ်စင်း တိုက်မိပြီး လမ်းချော်မှု ဖြစ်ပွားကာ အနည်းဆုံး လူ ၃ ဦး သေဆုံး

(GMT+08:00)2024-01-05 12:44:08  

အင်ဒိုနီးရှားမီးရထားဌာနမှသတင်းအရ ဇန်နဝါရီလ ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ အရှေ့ဘက်တွင် ရထားနှစ်စင်း တိုက်မိပြီး လမ်းချော်သွားခဲ့ကြောင်း သိရသည်။ ရထားတိုက်မှုတွင် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့သည်ဟု ဒေသခံ မီဒီယာများ၏ ဖော်ပြချက်ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြပါသည်။