အီရန် Kerman တွင် ဗုံးဖောက်ခွဲမှုကို ပြုလုပ်ခဲ့သည်ဟု အိုင်အက်စ်အဖွဲ့ ဆို

(GMT+08:00)2024-01-05 12:39:57  

အီရန်နိုင်ငံ အရှေ့တောင်ပိုင်း Kerman မြို့၌ ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှု နှစ်ကြိမ်ကို ပြုလုပ်ခဲ့ကြောင်း အိုင်အက်စ် အစွန်းရောက်အဖွဲ့က  ဇန်နဝါရီလ ၄ရက်နေ့တွင် ဝန်ခံကြောင်း ကြေညာခဲ့ပါသည်။

အီရန်နိုင်ငံ သတင်းဌာနမှ ဇန်နဝါရီလ ၄ရက်နေ့ ထုတ်ပြန်သည့်သတင်းအရ အိုင်အက်စ် အဖွဲ့သည် ၎င်း၏ ကြေညာချက်တစ်ရပ်တွင် တိုက်ခိုက်သူနှစ်ဦးသည် Kerman မြို့မှာ အသေခံ ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သည်ဟု ဖော်ပြခဲ့ကြောင်း သိရပါသည်။

ဇန်နဝါရီလ ၄ ရက်နေ့က အီရန်ပြည်ထဲရေးဝန်ကြီး Ahmad Vahidi သည် Kerman ဗုံးဖောက်ခွဲမှုတွင် သေဆုံးသူဦးရေကို ယခင်ထုတ်ပြန်ခဲ့သည့် ၉၅ ဦးမှ ၈၄ ဦးအထိ လျှော့ချပေးခဲ့ပါသည်။ ၎င်းက စုစုပေါင်း လူ ၂၈၄ ဦး ဒဏ်ရာရခဲ့ပြီး ၎င်းအနက်၂၂၀ ဦးက ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ပြောကြားခဲ့ပါသည်။