မြန်မာသည် အကျဉ်းသား ၁သောင်းခန့် လွတ်ငြိမ်းချမ်းသာခွင့်ပြု

(GMT+08:00)2024-01-05 14:58:34  

   ယခုနှစ် ဇန်နဝါရီလ ၄ရက်နေ့သည် မြန်မာ နိုင်ငံ၏ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါသည်။ ထိုနေ့ အစောပိုင်းက မြန်မာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီသည် လွတ်ငြိမ်းခွင့်ပြုသည့် အမိန့် ထုတ်ပြန်ပြီး အကျဉ်းသား ၉၇၀၀ကျော်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ပါသည်။

မြန်မာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှ ထုတ်ပြန်ခဲ့သော လွတ်ငြိမ်းခွင့်ပြုသည့် အမိန့် ၂ရပ်တွင် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့် အနေဖြင့်နှင့်  လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံချင်း ဆက်ဆံမှု အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ရာဇဝတ်ဥပဒေပါ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များအရ တစ်နိုင်ငံလုံးတွင် ထောင်ဒဏ်ကျခံနေသော မြန်မာ အကျဉ်းသား ၉၆၅၂ဦးကို လွတ်ငြိမ်းခွင့်ပြုပြီး နိုင်ငံခြား အကျဉ်းသား ၁၁၄ဦးကို လွတ်ငြိမ်းခွင့်ပြုသည့်အပြင် ပြည်နှင်ဒဏ်ကိုလည်း ပေးခဲ့ကြောင်း ဖော်ပြပါသည်။