အီရန်တွင် ပြင်းထန်သော အကြမ်းဖက်မှု ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ရှီကျင့်ဖိန်က အီရန်သမ္မတအား နှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2024-01-05 14:15:29  

     ယမန်နေ့ ၄ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အီရန်သမ္မတလိုင်စီအား အီရန်တွင် ပြင်းထန်သော အကြမ်းဖက်မှုဖြစ်ပွားခြင်းနှင့် ပတ်သက်၍ နှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။

    ရှီကျင့်ဖိန်က အဆွေတော်နိုင်ငံ ကယ်မန်ပြည်နယ်တွင် ပြင်းထန်သော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီး လူများစွာသေကြေဒဏ်ရာရရှိခဲ့ခြင်းကို ကြားသိရသည့်အတွက် မိမိသည် တရုတ်အစိုးရနှင့် တရုတ်ပြည်သူများ ကိုယ်စား သေဆုံးသူများအတွက် အလေးအနက်ထား၍ ဝမ်းနည်းကြောင်း၊ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများအား နှစ်သိမ့်အားပေးလို ပါကြောင်း၊ တရုတ်ပြည် အနေနှင့် အကြမ်းဖက်မှုမှန်သမျှကို ဆန့်ကျင်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကာ နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းကာကွယ်ရန် အီရန်၏ ကြိုးပမ်းအားထုတ်မှုကို ပြတ်ပြတ်သားသား ထောက်ခံအားပေးကြောင်း ဖော်ပြပါသည်။