တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ဆက်သွယ်ရေး လိမ်လည်မှုပေါင်း ၃၉၁၀၀၀ ကျော်ကို ဖြိုခွင်း

(GMT+08:00)2024-01-05 12:45:09  

   လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် တရုတ်ပြည် တစ်ပြည်လုံးမှ ပြည်သူ့လုံခြုံရေးဌာနများသည် အမျိုးအစားသစ် ဆက်သွယ်ရေး လိမ်လည်မှုများကို အားဖြည့် တိုက်ဖျက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ တစ်ပြည်လုံး၌ ဆက်သွယ်ရေး လိမ်လည်မှု စုစုပေါင်း ၃၉၁၀၀၀ ကျော်ကို ဖြိုခွင်းနိုင်ခဲ့ကာ ပြစ်မှုကျူးလွန်သူ အများအပြားကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် သြဂုတ်လမှစ၍ ဆက်သွယ်ရေး လိမ်လည်မှုများ ဆက်တိုက် လျော့နည်းလာပြီး တိုက်ဖျက်ရေးလုပ်ငန်းတွင် ထင်ရှားသော အောင်မြင်မှုများ ရရှိနိုင်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

 မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၌ ဆက်သွယ်ရေး လိမ်လည်မှုများ ပြင်းထန်ဆိုးဝါးလာခဲ့သည့် အခြေအနေကို ရည်ရွယ်ပြီး ယူနန်ပြည်နယ် အပါအဝင် တရုတ်ပြည် ဒေသများမှ ပြည်သူ့လုံခြုံရေး ဌာနများသည် နယ်စပ်ပူးတွဲဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးပြီး ဥပဒေနှင့်အညီ ပြစ်မှုကျူးလွန်ရာနေရာများစွာကို ဖြိုခွင်းခဲ့၍ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း၊ မြန်မာနိုင်ငံ သက်ဆိုင်ရာတို့၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ၂၀၂၃ ခုနှစ်အတွင်း ဆက်သွယ်ရေး လိမ်လည်မှု ပြစ်မှုကျူးလွန်သူ စုစုပေါင်း ၄၁၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး တရုတ်ပြည်ဘက်သို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။