CMG၏ “၂၀၂၄ခုနှစ် တရုတ် နွေဦးပွဲတော် ညပဒေသာကပွဲ” ကျင်းပမည့် မြို့များကို ထုတ်ပြန်

(GMT+08:00)2024-01-05 14:57:33  

ယခုလ ၄ရက်နေ့က China Media Group၏ “၂၀၂၄ခုနှစ် တရုတ် နွေဦးပွဲတော် ညပဒေသာကပွဲ” ကျင်းပမည့် မြို့များကို ထုတ်ပြန်ခဲ့ပါသည်။ ညပဒေသကပွဲကို အဓိက ကျင်းပမည့် ဘေကျင်းမြို့ အပြင်၊ လျောင်နင်ပြည်နယ် ရှင်ယန်းမြို့၊ ဟူနန်ပြည်နယ် ချန်ရှားမြို့၊ ရှန်ရှီးပြည်နယ် ရှီးအန်းမြို့နှင့် ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ ခါရှီမြို့စသည့်  မြို့၄မြို့မှာလည်း ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ပြန်ကြားရေး ဝန်ကြီး ဌာန ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ ထုတ်ပြန်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။