နယူးယောက်မြို့ မြေအောက်ရထား တိုက်မှုတွင် ဒဏ်ရာရသူဦးရေ ၂၄ ဦးအထိ မြင့်တက်လာ

(GMT+08:00)2024-01-05 11:50:52  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၄ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟက်တန်ဒေသတွင် မြေအောက်ရထားတိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ရထားတစ်စင်း လမ်းချော်မှု ဖြစ်ပွားခဲ့သည်။ ဒေသတွင်း သယ်ယူပို့ဆောင်ရေးဌာနမှ နောက်ဆုံးရသတင်းအရ အခင်းဖြစ်ပွားသည့် မြေအောက်ရထားတွင် လူ ၃၀၀ ခန့် တင်ဆောင်ထားကြောင်း၊ တိုက်မိမှုကြောင့် လူ ၂၄ ဦး ဒဏ်ရာရရှိပြီး ခရီးသည် ၈ ဦးထက်မနည်း ဆေးရုံသို့ ပို့ဆောင်ထားကာ ပြင်းထန်သည့် ဒဏ်ရာဖြစ်သူမရှိကြောင်း သိရသည်။ ယင်းတိုက်မှုသည် စက်ကိရိယာများ ပျက်စီးမှုနှင့် သက်ဆိုင်မှု မရှိကြောင်း သယ်ယူပို့ဆောင်ရေးဌာနမှ အရာရှိက ပြောကြားထားသည်။