အမေရိကန်၏ ကြွေးမြီ ပမာဏ စံချိန်သစ်တင်ခြင်းသည် အမေရိကန်၏ စီးပွားရေးကို "ခြိမ်းခြောက်မှု" ဖြစ်စေ

(GMT+08:00)2024-01-05 11:47:20  

 

 အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ မကြာမီက ထုတ်ပြန်ခဲ့သည့် စာရင်းအရ ဒေသစံတော်ချိန် ဇန်နဝါရီလ ၂ ရက်နေ့အထိ အမေရိကန် အစိုးရ၏ ကြွေးမြီ စုစုပေါင်း ပမာဏမှာ ပထမဆုံးအကြိမ် ဒေါ်လာ ဘီလီယံ ၃၄၀၀၀ ကို ကျော်လွန်ခဲ့သည်။ ယင်းသည် အမေရိကန်၏ ကြွေးမြီပမာဏ ဒေါ်လာ ဘီလီယံ ၃၃၀၀၀ ကို ကျော်လွန်ခဲ့ချိန်ထက် သုံးလခွဲသာ အချိန်ကြာခဲ့ပြီး အမေရိကန်လွှတ်တော် ဘတ်ဂျက်ရုံးမှ ခန့်မှန်းသည်ထက် ငါးနှစ် ပိုစောလာခဲ့သည်။

  ကြွေးမြီ ပမာဏ ဒေါ်လာ ဘီလီယံ ၃၄၀၀၀ ဖြစ်ခြင်းသည် အမေရိကန်၏ GDP ကို ၁၂၀ ရာခိုင်နှုန်း ကျော်လွန်ပြီ ဖြစ်ပြီး အမေရိကန် နိုင်ငံသားတိုင်း ကြွေးမြီ အနည်းဆုံး ဒေါ်လာ ၁ သိန်း ရှိသည်ဟု ပြဆိုပါသည်။ အကယ်၍ အမေရိကန် မိသားစုတိုင်း လစဉ် ဒေါ်လာ ၁၀၀၀ ပြန်ဆပ်နိုင်ပါက ယင်းကြွေးမြီ အကုန်လုံး ရှင်းလိုပါက ၂၂ နှစ်ကြာ လိုအပ်မည် ဖြစ်ပါသည်။ 

   ကျွမ်းကျင်ပညာရှင်များ၏ ခန့်မှန်းချက်အရ လက်ရှိအခြေအနေကို ကြည့်ပြီး အမေရိကန် အစိုးရသည် နှစ်စဉ် ကြွေးမြီ ဒေါ်လာ ဘီလီယံ ၂၀၀၀ နှုန်းဖြင့် ဆက်လက် တိုးသွားမည်ဟု သိရပါသည်။

  အမေရိကန်အစိုးရ၏ ကြွေးမြီများထဲတွင် နိုင်ငံခြားမှာ တင်နေသော ကြွေးမြီ အချိုးအစား လွန်စွာ မြင့်မားပါသည်။ အမေရိကန်၏ ကြွေးမြီပမာဏ စံချိန်သစ် အကြိမ်ကြိမ် တင်ခဲ့ပြီး ကန်ထရိုက် ကတိကဝတ်များကို ကျောခိုင်းဖောက်ဖျက်မှု အန္တရာယ် တိုးလာခြင်းသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ အမေရိကန် စီးပွားရေး အပေါ် ယုံကြည်မှုကို သေချာပေါက် ထိခိုက်မည် ဖြစ်ပါသည်။

  အမေရိကန်ဒေါ်လာသည် ကမ္ဘာ့ နံပါတ် ၁ အရံငွေကြေးနှင့် စာရင်းရှင်း ငွေကြေး ဖြစ်သဖြင့် အမေရိကန်၏ "ကန့်သတ်မှု မရှိဘဲ အလွန်အကျွံ ကြွေးမြီတင်ခြင်း" အသွင်ပုံစံသည် နိုင်ငံတကာ ငွေကြေးဈေးကွက် မတည်မငြိမ်မှု ဖြစ်စေနိုင်ပြီး နိုင်ငံတကာ စီးပွားရေးကို ထိခိုက်နိုင်မည် ဖြစ်ပါသည်။

   အမေရိကန် စီးပွားရေး နက်ရှိုင်းရာမှ ပဋိပက္ခများကို မဖြေရှင်းနိုင်ခြင်းကြောင့် ကြွေးမြီ အကျပ်အတည်း အကြိမ်ကြိမ် ဖြစ်ပွားစေခဲ့ခြင်း ဖြစ်ပြီး ယင်းသည် အမေရိကန် လူမှုရေး အတွက် ဖြစ်နိုင်ဖွယ်ရာ ခြိမ်းခြောက်မှု အန္တရာယ်များ ဆောင်ကြဉ်းလာသည့်အပြင် ကမ္ဘာကြီးအားလည်း ပိုမိုများပြားသော မရေရာမှု မတည်ငြိမ်မှုများကို ဆောင်ကြဉ်းလာနေသည်ဟု China Media Groupမှ သတင်းဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။