ဂျပန်တိုကျိုမြို့ ရထားတစ်စီးပေါ်တွင် ဓားခုတ်မှု ဖြစ်ပွားသောကြောင့် လူ ၄ဦး ဒဏ်ရာရရှိ

(GMT+08:00)2024-01-04 12:26:38  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၃ရက်နေ့ ည ၁၁နာရီခန့်တွင် ဂျပန်တိုကျိုမြို့ JR Akihabara ဘူတာရုံရှိ ရထားတစ်စီးပေါ်၌ ဓားခုတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် အမျိုးသမီးတစ်ဦးသည် ရထားပေါ်၌ ဓားကိုင်ဆောင်ပြီး ထိုးခုတ်ခဲ့ကြောင်း ဂျပန်ရဲဌာနမှ သတင်းအရ သိရပါသည်။ လက်ရှိအချိန်အထိ လူ၄ဦး ဒဏ်ရာရရှိပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ၎င်းအနက် ၃ ဦး ဒဏ်ရာ ပြင်းထန်ပါသည်။ ဓားကိုင်သမားကို ထိန်းချုပ်ထားပြီး လက်ရှိတွင် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က အသေးစိတ်စုံစမ်းစစ်ဆေးလျက်ရှိပါသည်။