ထရန့်သည် ၄င်း၏ သမ္မတ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် အရည်အသွေးကို Coloradoပြည်နယ် တရားရုံးမှ ပယ်ဖျက်မှုတွင် ဝင်စွက်ရန် ကန် အမြင့်ဆုံး တရားရုံးအား တောင်းဆို

(GMT+08:00)2024-01-04 15:25:28  

    ဒေသ စံတော်ချိန် ယခုလ ၃ရက်နေ့က အမေရိကန် သမ္မတဟောင်း ထရန့်သည် အမေရိကန် အမြင့်ဆုံး တရားရုံးထံသို့ တရားစွဲဆိုချက်ကို တင်ပြပြီး ၄င်း၏ အမေရိကန် သမ္မတ အဖြစ် ထမ်မံ တာဝန် ထမ်းဆောင်ရန် အရည်အသွေးကို Coloradoပြည်နယ် တရားရုံးမှ ပယ်ဖျက်မှု စီရင်ဆုံးဖြတ်ချက်တွင် ဝင်စွက်ရန် တောင်းဆိုကြောင်း၊ အမေရိကန် အမြင့်ဆုံး တရားရုံးသည် Coloradoပြည်နယ် တရားရုံး၏ စီရင်ဆုံးဖြတ်ချက်ကို ပယ်ချပြီး မိမိသည် စတင် ကျင်းပတော့မည့် ၂၀၂၄ခုနှစ် သမ္မတ ရွေးကောက်ပွဲ အကြိုရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန် ထရန့်က မျှော်လင့်သည်ဟု ဖော်ပြကြောင်း သတင်းအရ သိရပါသည်။