စမ်းယာ့ ပင်လယ်ကမ်းခြေတွင် ဒဏ်ရာရ ဝေလငါးတစ်ကောင် သောင်တင်နေပြီး ကယ်ဆယ်ရေးသမားများက ၎င်းကို အလှည့်ကျ စောင့်ရှောက်

(GMT+08:00)2024-01-04 16:55:21  

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် စမ်းယာ့မြို့ ရှိ ဟိုင်ထောင်ပင်လယ်ကွေ့ ပင်လယ်ကမ်းခြေတွင် ဒဏ်ရာရ ဝေလငါးတစ်ကောင် သောင်တင်ခဲ့ပြီး ကယ်ဆယ်ရေး သမားများက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။ လက်ရှိအချိန်တွင် ယင်းဝေလငါးသည် လွတ်လပ်စွာ မကူးခတ်နိုင်သည့်အတွက် ကယ်ဆယ်ရေးသမားများက ၎င်းကို ၂၄ နာရီပတ်လုံး အလှည့်ကျ စောင့်ကြပ်လျက်ရှိသည်။