“ယပ်တောင်ရွာ”တွင် တောင်ထန်းစိုက်ပျိုးရေးနှင့် ယပ်တောင် ထုတ်လုပ်မှုဖြင့် ရွာသူရွာသားများ ဝင်ငွေတိုးစေ

(GMT+08:00)2024-01-04 16:57:29  

ဆောင်းရာသီတွင် ကျေးလက်ဒေသအတွက် “အားလပ်ရက်”ဖြစ်သော်လည်း စီချွမ်းပြည်နယ် နေ့ကျန်းမြို့ရှိ ကျင်ယင်ရွာမှ လူတွေက ယပ်တောင်ထုတ်လုပ်ရန် အလုပ်ရှုပ်နေကြပါသည်။ ထိုရွာတွင် တစ်နှစ်အတွင်း ယပ်တောင် ၅ သန်းကျော် ထုတ်လုပ်ပြီး စုစုပေါင်းတန်ဖိုး ယွမ်ငွေ သန်း ၂၀ ကျော်ရှိသည်။