ကျေးရွာဘောလုံးအသင်း ၆၂ သင်းပါဝင်သော "Village Super League" ပြိုင်ပွဲ season သစ် စတင်တော့မည်

(GMT+08:00)2024-01-04 15:15:29  

ယခုလ ၃ ရက်နေ့က ကွေ့ကျိုးပြည်နယ် ယုံကျန်းခရိုင် "Village Super League" စည်းရုံးကျင်းပရေးကော်မတီမှ သတင်းအရ ၂၀၂၄ ခုနှစ် "Village Super League" ပြိုင်ပွဲ season သစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် စတင်တော့မည် ဖြစ်ကြောင်း ၊ ၂၀၂၃ခုနှစ်တွင် အသင်း ၂၀ ပါဝင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ကျေးရွာအသင်း ၆၂ သင်း ပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။

"Village Super League" ဘောလုံးပြိုင်ပွဲများသည် ပြီးခဲ့သောနှစ်တွင် ပြည်တွင်းပြည်ပ၌ ရေပန်းစားလာခဲ့ပြီး အွန်လိုင်း ကြည့်ရှုမှုပမာဏမှာ  ၅၈ ဘီလီယံကျော် ရှိကာ အဆိုပါနှစ် မေလ ၁၃ ရက်မှ အောက်တိုဘာလ ၂၈ ရက်အထိ ပြိုင်ပွဲကျင်းပချိန်အတွင်း ခရီးသွားဧည့်သည် ၅.၁၉ သန်းကျော် ရရှိကာ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ယွမ် ၅.၉၈၆ ဘီလီယံ ရရှိခဲ့သည်ဟုသိရပါသည်။