၂၀၂၃ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ ပြင်းအား ရစ်ချ်တာစကေး ၆အဆင့်ထက်ရှိသော မြေငလျင်လှုပ်ခတ်မှု ၁၂၉ကြိမ် ဖြစ်ပွားခဲ့သည်ဟု China Earthquake Networks Center မှ ထုတ်ပြန်

(GMT+08:00)2024-01-04 15:24:59  

၂၀၂၃ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ ပြင်းအား ရစ်ချ်တာစကေး ၆အဆင့်ထက်ရှိသော မြေငလျင်လှုပ်ခတ်မှု ၁၂၉ကြိမ် ဖြစ်ပွားခဲ့သည်ဟု China Earthquake Networks Center မှ ထုတ်ပြန်၂၀၂၃ခုနှစ်မှ ယခုအထိ တစ်ကမ္ဘာလုံး ဒေသများစွာတွင် မြေငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပါသည်။
    ကမ္ဘာကြီးသည် လှုပ်ခတ်နေသည့်ပုံစံသို့ ဝင်ရောက်လိုက်ပြီလား။ ဇန်နဝါရီလ ၂ရက်နေ့က China Earthquake Networks Center (CENC) မှ ထုတ်ပြန်သော စာရင်း အရ ၂၀၂၃ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ ပြင်းအား ရစ်ချ်တာစကေး ၆အဆင့်ထက်ရှိသော မြေငလျင်လှုပ်ခတ်မှု ၁၂၉ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ၄င်းအနက် ပြင်းအားရစ်ချ်တာစကေး ၇အဆင့်ထက်ရှိသော မြေငလျင် လှုပ်ခတ်မှု ၁၉ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ အင်အားအပြင်းဆုံး မှာ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၆ရက်နေ့က တူရကီနိုင်ငံတွင် နှစ်ကြိမ် ဖြစ်ပွားခဲ့သည့် ရစ်ချ်တာစကေး ၇.၈အဆင့် မြေငလျင်လှုပ်ခတ်မှုများ ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံး ရစ်ချ်တာစကေး ၇အဆင့်ထက်ရှိသော မြေငလျင်လှုပ်ခတ်မှု များလာခြင်းကို ပြဆိုနိုင်ကြောင်း၊ ၂၀၂၃ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ ရစ်ချ်တာစကေး ၈အဆင့်ထက် ရှိသော မြေငလျင်လှုပ်ခတ်မှု မဖြစ်ပွားခဲ့ကြောင်း၊ နောက်ဆုံး အကြိမ်မှာ ၂၀၂၁ခုနှစ် ဇူလိုင်လ ၂၉ရက်နေ့က အမေရိကန်နိုင်ငံ အာလက်စကာ တောင်ပိုင်းပင်လယ်ရပ်ဝန်းတွင် ဖြစ်ပွားခဲ့သည့် ရစ်ချ်တာစကေး ၈.၁အဆင့် မြေငလျင်လှုပ်ခတ်မှု ဖြစ်ကြောင်း သတင်းအရ သိရပါသည်။