ကမ္ဘာသည် အလိုအပ်ဆုံးမှာ စည်းလုံးညီညွတ်မှုဖြစ်ပြီး အတားဆီးသင့်ဆုံးမှာ ကွဲပြားမှုဖြစ် သည်ဟု တရုတ်ဆို

(GMT+08:00)2024-01-04 15:25:51  

ယခုလ ၃ရက်နေ့တွင် ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့ရာ ကမ္ဘာသည် အလိုအပ်ဆုံးမှာ စည်းလုံးညီညွတ်မှုဖြစ်ပြီး အတားဆီးသင့်ဆုံးမှာ ကွဲပြားမှုဖြစ်ကြောင်း၊ တရုတ်ပြည်သည် ဘက်အသီးသီးတို့နှင့် အတူ အားလုံးပါဝင်ပြီး အကျိုးရရှိနိုင်သည့် စီးပွားရေး ဂလိုဘယ် လိုက်ဇေးရှင်းကို တိုက်တွန်းအားပေးလိုပြီး ဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်းကို ဖီလာဆန့်ကျင်ကာ လုပ်ခြင်းနှင့် နိုင်ငံတော်လုံခြုံရေး ယေဘုယျ အယူအဆကို ယေဘုယျ ကောက်ချက်ချခြင်းအား ပြတ်ပြတ်သားသား ဆန့်ကျင်ကာ အသွင်ပုံစံမျိုးစုံ ဖြစ်သည့် တစ်ဖက်သတ် ဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒကို ဆန့်ကျင်ကြောင်း၊ နိုင်ငံ အသီးသီးတို့၏ အခွင့်အရေး ဆိုင်ရာ တန်းတူညီမျှခြင်း၊ အခွင့်အလမ်း ဆိုင်ရာ တန်းတူညီမျှခြင်းနှင့် စည်းမျဉ်းဥပဒေ ဆိုင်ရာ တန်းတူညီမျှခြင်းကို တွန်းအားပေးပြီး နိုင်ငံ အသီးသီးတို့၏ တန်းတူရည်တူ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးကို အာမခံပေးကာ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်သာယာမှုကို တိုးမြှင့်ရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။