ဟူပေပြည်နယ်ရှိ ထူကျားလူမျိုးများသည် ရှေးခေတ် မော်ကူစ် အကကို ဖျော်ဖြေကပြ

(GMT+08:00)2024-01-04 16:56:31  

        ဇန်နဝါရီလ ၁ ရက်နေ့က ဟူပေပြည်နယ် အန်းရှီးမြို့ရှိ စိုဘူယာ ရှုခင်းသာနေရာတွင် ထူကျားလူမျိုးများသည် ရှေးခေတ် မော်ကူစ် ဆုတောင်းမှု အကကို ဖျော်ဖြေကပြခဲ့သည်။ မော်ကူစ် အကသည် ရှေးခေတ် ထူကျားလူမျိုးများ၏ အဖွဲ့လိုက် အမဲလိုက်ခြင်းနှင့် ရိတ်သိမ်းပွဲ စသည့် အကြောင်းများကို ဖော်ပြပြီး အကလောကမှ “သက်ရှိ ကျောက် ဖြစ်ရုပ်ကြွင်း” နှင့် “သမိုင်းအရှည်ဆုံး တရုတ်အက၏ အစ”ဟု ယူဆကြသည်။