Kerman အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်သူများသည် မခံနိုင်လောက်အောင် ပေးဆပ်ရမည်ဟု အီရန်သမ္မတ Raisi ဆို

(GMT+08:00)2024-01-04 12:25:33  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၃ ရက်နေ့က အီရန်နိုင်ငံ မြို့တော် တီဟီရန် အပါအဝင် မြို့အများအပြားတွင် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး ဆိုလေမာနီအား အထိမ်းအမှတ်ပြုရန် စုစည်းပွဲများ ပြုလုပ်ခဲ့သည်။ တီဟီရန်တွင် ပြုလုပ်သော စုစည်းပွဲတွင် အီရန်သမ္မတ Raisi က ရန်သူသည် ဆိုလေမာနီကို ပစ်မှတ်ထားရုံသာမက ဆိုလေမာနီအား အထိမ်းအမှတ်သွားပြုသော ပြည်သူများကိုလည်း ပစ်မှတ်ထားကြောင်း၊ Kerman အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်သူများသည် မခံနိုင်လောက်အောင် ပေးဆပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူက အစ္စရေးအား “မင်းတို့ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် ပေးဆပ်ရမည်ဖြစ်ပြီး မင်းတို့အလွန်နောင်တရလိမ့်မည်” ဟု သတိပေးခဲ့သည်။