တောင်ကိုရီးယားနိုင်ငံ Sejong မြို့တွင် ကားအစီး ၄၀ ကျော် တိုက်မိခဲ့ခြင်းကြောင့် လူ ၁၄ ဦး ဒဏ်ရာရရှိ

(GMT+08:00)2024-01-04 12:26:03  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၄ရက်နေ့ နံနက်ပိုင်း ၅နာရီ ၂၄မိနစ်မှ ၆နာရီ ၂၇မိနစ်အတွင်း တောင်ကိုရီးယားနိုင်ငံ Sejong မြို့ရှိ တံတားနှစ်စင်းပေါ်တွင် အေးခဲသည့်လမ်းများကြောင့် ကားအစီးရေ ၄၀ ကျော် တိုက်မိခဲ့ကြောင်း Sejongမြို့ မီးသတ်ဌာနချုပ်မှ သတင်းအရ သိရပါသည်။

လက်ရှိတွင် အဆိုပါ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၁၄ ဦးရှိပြီး ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ကုသထားပြီဖြစ်ပါသည်။