ဂျပန် Ishikawa ပြည်နယ် Noto ဒေသတွင် မြေငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ဦးရေ ၈၁ ဦးအထိ တိုးများလာပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ပြုလုပ်နေဆဲ

(GMT+08:00)2024-01-04 15:22:36  

   ဂျပန်နိုင်ငံ Ishikawaပြည်နယ် Noto ဒေသတွင် ဇန်နဝါရီ ၁ ရက်နေ့က ရစ်ချ်တာစကေး ၇.၆ အဆင့် မြေငလျင်လှုပ်ခတ်ပြီးနောက် ယခုအချိန်အထိ သေဆုံးသူဦးရေ ၈၁ ဦးအထိ တိုးများလာပြီး ၃၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ ငလျင်ကြောင့် Ishikawa ပြည်နယ်ရှိ အဆောက်အအုံ အများအပြား ပြိုကျခဲ့ပြီး အချို့ မီးလောင်ကျွမ်းခဲ့ကာ လမ်းများဆိုးရွားစွာ ပျက်စီးခဲ့ရ၍ ဘေးသင့် ဒေသအချို့တွင် ရေနှင့် လျှပ်စစ်ဓတ်အားပြတ်တောက်ခဲ့ကြောင်း၊ လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်း များကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။