ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ပင်လယ်နီ အခြေအနေဆိုင်ရာ အရေးပေါ် တံခါးဖွင့် အစည်းအဝေး ကျင်းပ၊ သက်ဆိုင်ရာတို့အား နိုင်ငံအသီးသီး၏ ပင်လယ်နီ၌ လွတ်လပ်စွာ သွားလာမှုကို လေးစားပြီး အာမခံပေးရန် တရုတ် ပန်ကြား

(GMT+08:00)2024-01-04 15:16:12  

    ဒေသစံတော်ချိန် ယခုလ ၃ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ပင်လယ်နီ အခြေအနေဆိုင်ရာ အရေးပေါ် တံခါးဖွင့် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်းဒုတိယကိုယ်စားလှယ် ကင်ရွှမ်က လွန်ခဲ့သည့် အချိန်ပိုင်း တစ်ပိုင်းအတွင်း ပင်လယ်နီ၌ ကုန်တင်သင်္ဘောများအား တိုက်ခိုက်မှုနှင့် ထိန်းသိမ်းထားမှုများ ဖြစ်ပွားခဲ့ခြင်းကို အာရုံစိုက် အရေးထားနေပြီး သက်ဆိုင်ရာတို့အား နိုင်ငံအသီးသီးတို့၏ ပင်လယ်နီ၌ လွတ်လပ်စွာ သွားလာမှုကို လေးစားပြီး အာမခံပေးရန် ပန်ကြားလိုက်ကြောင်း၊ ဘက်အသီးသီးတို့ အထူးသဖြင့် သြဇာသက်ရောက်မှု ရှိသည့် နိုင်ငံကြီးအားလုံး ပင်လယ်နီ ရေကြောင်း လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး အတွက် အပြုသဘောဆောင်သော၊ တာဝန်ယူသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်သည်ဟု တရုတ်နိုင်ငံက ယူဆကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။