အီရန်သမ္မတ Ebrahim Raisi သည် ၎င်း၏ တူရကီ ခရီးစဉ်ကို ရပ်ဆိုင်းဟု အီရန်သမ္မတရုံးဆို

(GMT+08:00)2024-01-04 12:24:11  

အီရန် သတင်းအေဂျင်စီ IRNA မှ ဒေသစံတော်ချိန် ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန်သော သတင်းအရ အီရန်သမ္မတရုံးမှ နိုင်ငံရေးဆိုင်ရာ ဒု ဥက္ကဋ္ဌ Mohammad Jamshidi က တူရကီသမ္မတ Erdogan၏ အီရန်သမ္မတ Ebrahim Raisi အား တူရကီနိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်ခြင်းအတွက် ကျေးဇူးတင်ကြောင်း၊ သို့သော် အီရန်နိုင်ငံ Kerman မြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် သေကျေဒဏ်ရာ အများအပြားရှိခဲ့ပြီး သမ္မတ Raisi သည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကိုယ်တိုင်ကိုယ်ကျ လိုက်ပါဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်း၏ တူရကီခရီးစဉ်ကို ရပ်ဆိုင်းပြီး သွားရောက်ချိန်ကို နောင်မှာ ရွေးချယ်ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားသည်။

Raisi သည် တူရကီနိုင်ငံသို့ ခရီးလှည့်လည်ရန် ၄ ရက်နေ့တွင် ထွက်ခွာသွားမည်ဟု ယခင်က အီရန်သမ္မတရုံးက ကြေညာခဲ့သည်။